နေပြည်တော်တိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

(၁၉.၅.၂၀၂၃)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)၌ နေပြည်တော်တိုင်း MWCDF အသင်း အသစ် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDF အသင်း ခေတ္တဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးမှ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ အသင်း Documentary Film အား ပြသခဲ့ပါသည်။ဆက်လက်၍ အသစ်ထပ်မံဖွဲ့စည်းသော နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌမှ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးခြင်းအစီအစဉ်နှင့် ယခင်ဖွဲ့စည်းထားသော တိုင်းအသင်း ဥက္ကဌ မှ အသစ်ထပ်မံဖွဲ့စည်းသည့် အသင်းဥက္ကဌထံ အသင်းလုပ်ငန်းဆောင်ရွက်ချက်ဖိုင်အား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ထို့နောက် ခေတ္တဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့မှ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်တို့ထံ အသင်းရံပုံငွေ၊ ဝတ်စုံ၊ တံဆိပ်နှင့် အခြားလိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယင်းနောက် MWCDF အသင်း ခေတ္တဥက္ကဌမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

နေပြည်တော်တိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း
%d bloggers like this: