စာတမ်းဖတ်ပွဲ အခမ်းအနား

(၃၀.၆.၂၀၂၃)နေ့တွင် ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် “မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုစာတမ်းဖတ်ပွဲ” အခမ်းအနားသို့ MWCDF အသင်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် CEC များ တက်ရောက်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် MWCDF အသင်း ဒုဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းကိုယ်စားပြု တင်သွင်းခဲ့သော “မြန်မာအမျိုးသမီးများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်အား စာတမ်းဖတ်ကြား တင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲ အခမ်းအနား
%d bloggers like this: