MWCDF အသင်း၏ (၁၀)ပြည့်နှစ် နှစ်ပတ်လည်အစည်းအဝေး

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို (၇.၈.၂၀၂၃)ရက်နေ့၊ နေ့လည်(၁၁:၃၀)အချိန်က နေပြည်တော်၊ Horizon Lake view Hotel, သရဖီခန်းမ၌ ကျင်းပပါသည်။

  • ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါက်တာဝေဝေသာက အမှာစကားပြောကြားပါသည်။
  • ဆက်လက်၍ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်က အသင်း၏ (၁၀)နှစ်တာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျဉ်းချုပ်တင်ပြပါသည်။
  • ယင်းနောက် ဘဏ္ဍာရေးမှူး ဒေါက်တာမွန်မွန်ထက်က အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာအား ရှင်းလင်းပြောကြားပါသည်။
  • ၎င်းနောက် တိုင်းဒေသကြီး/ပြည်နယ် အသင်းဥက္ကဌများက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြပါသည်။
  • ဆက်လက်ပြီး ဒုတိယဥက္ကဌ ဒေါ်သူဇာဝေက အသစ်ပြဌာန်းလိုက်သော အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ  ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်အား ရှင်းလင်းပြောကြားပါသည်။
  • ၎င်းနောက် ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦးက အမျိုးသမီးများအတွက် ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အသိပညာပေး ဆွေးနွေးပွဲများပြုလုပ်ရန် တိုင်းဒေသကြီး/ပြည်နယ် အသင်းဝင်များအား ပြောကြားပါသည်။
  • ထို့နောက် တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းက အသင်းမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အစည်းအဝေးကို ညနေ(၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
MWCDF အသင်း၏ (၁၀)ပြည့်နှစ် နှစ်ပတ်လည်အစည်းအဝေး
%d bloggers like this: