(၉.၁၁.၂၀၂၃)ရက်နေ့တွင် MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကြာပျိုးခင်း အမှတ် (၁)၊ ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှ (G-6,G-8,G-9) ကျောင်းသား/သူ(၅၀)ဦးနှင့် ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာ (ပရဟိတ)သီလရှင်သင်ပညာရေးကျောင်းမှလည်း(G-6,G-8,G-9) ကျောင်းသား/သူ(၅၀)ဦး၊ ဆရာ/ဆရာမ(၆)ဦးတို့ကို အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက် တို့ကိုလေ့လာရေးပို့ဆောင်ပေးပြီး နေ့လည်စာအာဟာရများနှင့် အစာပြေအာဟာရများ ကျွေးမွေးခဲ့ပါသည်။
အသင်းအနေဖြင့် ယခုလိုပို့ဆောင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့ ကျောင်းသား/သူများ စာကြည့်တိုက်နဲ့ရင်းနှီးပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတရဖွယ် စာပေများဖတ်ရှုခြင်း အလေ့အထများ ထွန်းကားလာစေရန်နှင့် စာဖတ်အားတွေထက်သန်ကာ ဉာဏ်ရည်တွေဖွံ့ဖြိုးတိုးတက်စေရန် ပညာပေးရေးအစီအစဉ်များရေးဆွဲကာ ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။