

(၁၅.၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF) အသင်းမှ ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဥတ္ကရသီရိမြို့နယ်၊ ကုတင်(၅၀၀) ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော မီးဖွားမိခင်များနှင့် အမျိုးသမီးလူနာများအား နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်းနှင့် မုန်လာဥချဉ်ရည်ဟင်းတို့ကို ပေးဝေလှူဒါန်းခဲ့ကြပါသည်။
သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း