




(၂၁.၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သန္တာရာမသီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သော အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနေ့အခမ်းအနားတွင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းကပ်လှူဒါန်းခြင်း၊ တိုက်အုပ် သီလရှင်ဆရာကြီးအား နဝကမ္မဝတ္ထုငွေလှူဒါန်းခြင်း၊ ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများလှူဒါန်းခြင်းနှင့် အသက် (၇၀)ကျော် သီလရှင်ဆရာကြီး (၁၃)ပါးတို့အား တစ်ပါးလျှင် အလှူငွေ (၁၀,၀၀၀)ကျပ်စီ လှူဒါန်းဒါနပြုခဲ့ကြပါသည်။
အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနေ့အခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း