ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်လှူဒါန်းပူဇော်ခြင်း

(၂၂.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဌာပနာထည့်သွင်းခြင်းမင်္ဂလာအခမ်းအနားတွင် ဌာပနာထည့်သွင်းလှူဒါန်းခြင်း၊ ဆွဲလည်းလှူဒါန်းခြင်း၊ ပန်းများလှူဒါန်းပူးဇော်ခြင်းများဖြင့် ကုသိုလ်ပါဝင်ယူခဲ့ကြပါသည်။

ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်လှူဒါန်းပူဇော်ခြင်း
%d bloggers like this: