





(၂၄.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူးဖွင့်လှစ်သော သတ္တမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Elementary Level သင်တန်းဆင်းပွဲအခမ်းအနားကို အသင်းရုံး၌ကျင်းပပြုလုပ်ရာ အသင်းမှ ဒုဥက္ကဌများ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမနှင့် အ.ထ.က (၁၂) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အသင်းဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးမင်းစိုးသူရမှ အမှာစကားပြောကြားခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့်ပတ်သက်၍ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းသား/သူများအား သင်တန်းဆင်လက်မှတ်ပေးအပ်ခြင်း၊ သင်တန်းဆရာ/ဆရာမတို့ကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။