ထောက်ပံ့လှူဒါန်းခြင်း

(၂၆.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာပြီး အ.ထ.က ဆီဆိုင်တွင် ခေါက်ဆွဲခြောက် (၃၀၀)ထုပ်နှင့် ကြက်ဥပြုတ် (၃၀၀)လုံးတို့ကိုလှူဒါန်းခြင်း၊ အ.မ.က (၄)ဆီဆိုင်တွင် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံ (၅၀)စုံ လှူဒါန်းခြင်း၊ ဆီဆိုင်ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်း၊ ဘန်းရင်ဆေးရုံတွင် နေရပ်စွန့်ခွါလူနာများအတွက် တစ်ဦးလျှင်(၅၀၀၀)ကျပ်စီဖြင့် လူနာ (၁၆)ဦးအားပေးအပ်လှူဒါန်းခြင်း၊ အသင်းဥက္ကဌမှ အရေးပေါ်လိုအပ် လျက်ရှိသော Steel Tank (600L) (၁)လုံး၊ Steel Tank(1000L)(၂)လုံး၊ ပန့်၊ မော်တာနှင့် Refliterများကို လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: