





(၁၃.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီးရရှိရန်ခက်ခဲသော စာသင်ကျောင်းများအတွက် ဆိုလာပစ္စည်းများပေးအပ်လှူဒါန်းခြင်းနှင့် တိုင်းအမှုဆောင်များအားတွေ့ဆုံခြင်း အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး တက်ရောက်၍အဖွင့်အမှာစကားပြောကြားခြင်း၊ MWCDF အသင်း ဒုဥက္ကဌမှ အသင်းသမိုင်းကြောင်းနှင့် လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် တွဲဘက်အတွင်းရေးမှူးမှ ဆိုလာပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျောင်းများမှ တာဝန်ရှိသူ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများထံ ဆိုလာပစ္စည်းများ၊ အသင်းဗလာစာအုပ်များ ပေးအပ်ခြင်းနှင့် မူကြိုကျောင်းဆရာ/ ဆရာမများထံ မူကြိုကလေးများအတွက် ကလေးကစားစရာ ပစ္စည်းပုံးများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထိုပြင် အသင်းဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များက ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌ၊ အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြား၍ အသင်းရံပုံငွေ၊ အသင်းတံဆိပ်၊ အသင်းဝတ်စုံများနှင့် မူကြိုကလေးများအတွက် ကစားစရာပစ္စည်းပုံးများ ပေးအပ်လှူဒါန်းခဲ့ပါသည်။