ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၂၁.၇.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အသင်းဝင် (၃)ဦးသည် မန္တလေးတောင်ခြေရှိ ရွှေကျင်တိုက်မကြီးဆရာတော်အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအတွက် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မှ ခေါ်ယူစောင့်ရှောက်ထားသော မတ္တရာမြို့နယ်၊ မိုးကြိုးရွာမှ နေရပ်စွန့်ခွါကျောင်းသား/သူ (၁၀၀)ဦးအား နေ့လည်စာအာဟာရကျွေးမွေးလှူဒါန်းခြင်းနှင့် စာအုပ်များ၊ ဆပ်ပြာမွှေးခဲများ လှူဒါန်းခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: