



(၂၃.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဖျာပုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် ကျောင်း၌ဖွင့်လှစ်သော ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ထူးချွန်စွာသင်တန်းဆင်းသူ (၅)ဦးအား အမျိုးသမီးဘဝ တင့်တယ်စွာရပ်တည်နိုင်ရန်အတွက် ကိုယ်ပိုင်စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်သည်အထိရည်ရွယ်ပြီး သင်တန်းသူ(၁)ဦးလျှင် ငွေကျပ် (၁၅)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်၊ ဒါးစက်၊ ဘီတင်စက်၊ ကြယ်သီးရိုက်စက်နှင့်တကွ လိုအပ်သော စက်ချုပ်ကိရိယာပစ္စည်းများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း