



(၁.၈.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ အမှတ် (၇)တိုင်းရင်းဆေးရုံတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ လူဦးရေ (၂၃၀)ဦးနှင့် ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ ဇမ္ဗူမြိုင်ဘုန်းကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ (၆၈)ဦးအတွက် နံနက်စာအာဟာရ ထမင်းကြော်၊ နေ့လည်စာနှင့် ညစာအတွက် ထမင်းနှင့်ဟင်းများကို သွားရောက်လှူဒါန်းခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း