ထောက်ပံ့လှူဒါန်းခြင်း

(၁.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ  ဥက္ကဌ၊ ဒုဥက္ကဌ၊  ဗဟိုအလုပ်အမှုဆောင်များနှင့် အလှူရှင်မိသားစုတို့သည် ဥတ္တရသီရိမြို့နယ်၊ အ.မ.က (ချင်းရွာ) ကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကျောင်း၏လိုအပ်ချက်များအားကြည့်ရှုပြီး အသင်းဥက္ကဌမိသားစုမှ ဝန်ထမ်းဆောင်ပြုပြင်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း၊ ဒုဥက္ကဌ (မိသားစု)မှ ကျောင်းရုံးခန်းတွင်လိုအပ်နေသော စတန်းပန်ကာ (၂)လုံး၊ ဆရာ/ဆရာမများအတွက် ကျောင်းဝတ်စုံများ၊ ဆန်၊ ကော်ဖီမစ်ထုပ်၊ ဆပ်ပြာခဲ၊ အလှူငွေများလှူဒါန်းခြင်း၊ ကျောင်းသား/သူ (၁၆၀)ဦးအတွက် ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ခဲဖျက်နှင့် ထီးများ လှူဒါန်းခြင်း၊ အလှူရှင်(မိသားစု)မှ သောက်ရေစင်အထိုင်ပြုလုပ်ရန်အတွက် အလှူငွေနှင့် ကျောင်းသား/ သူ (၁၆၀)ဦးအတွက် တစ်ဦးလျှင် အလှူငွေ (၁၀၀၀)ကျပ်နှုန်းဖြင့် လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: