နှစ်ပတ်လည်အခမ်းအနား(ဒုတိယပိုင်း)

(၇.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)အသင်း၏ (၁၁)နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို နေပြည်တော်၊ Horizon Lake View Hotel၊ သရဖီခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF) အသင်း ဥက္ကဌ ဒေါက်တာဝေဝေသာမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ အသင်း၏ဆောင်ရွက်ချက်များနှင့် ဘဏ္ဍငွေသုံးစွဲခြင်းဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း၊ ဒုဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းဖွဲ့စည်းပုံနှင့် အသင်းဝင်များ လိုက်နာသင့်သော စည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကျဉ်းချုပ်တင်ပြခြင်း၊ အတွင်းရေးမှူး ဒေါက်တာမွန်မွန်ထက်မှ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာအား ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး ဥက္ကဌများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းမှ လိုအပ်သည်များဖြည့်စွက်မှာကြားပြီးနောက် တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အသင်းဥက္ကဌ‌ ဒေါက်တာဝေဝေသာမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

နှစ်ပတ်လည်အခမ်းအနား(ဒုတိယပိုင်း)
%d bloggers like this: