

(၁၈.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် MWCDF အသင်းမှ ငွေကျပ်သိန်း(၅၀)ကျပ်နှင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)ကျပ် စုစုပေါင်းလှူဒါန်းငွေ သိန်း(၇၀)ကျပ်တိတိကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ မှတ်တမ်းဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းခြင်း