တိုက်ပွဲရှောင်မိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း

(၉.၁၀.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များသည် တိုက်ပွဲရှောင်မိသားစုများအတွက် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုတ်များ၊ ဆပ်ပြာမှုန့်များ၊ ဒန်အိုး၊ စတီးအိုး၊ စတီးချိုင့်၊ ထမင်းအုပ်၊ အနွေးထည်၊ ဂွမ်းစောင်၊ ချည်စောင်၊ ရေခွက်၊ ပန်းကန်၊ ဇွန်း၊ ခြုံတဘက်စောင်၊ ဆွဲခြင်း၊ ရေးပုံးစသည့် အသုံးဆောင်ပစ္စည်းများအား မဲဖောက်လှူဒါန်းပြီးနောက် ကျောင်းသား/သူ (၉၄)ဦးအတွက် အသင်းတံဆိပ်ပါ ဗလာစာအုပ်၊ ခဲတံများလှူဒါန်းခြင်း၊ မူကြိုကလေးများအတွက်အရုပ်စုံပါဗူးများနှင့် မုန့်များလည်းလှူဒါန်းခဲ့ကြပါသည်။

တိုက်ပွဲရှောင်မိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: