သတင်း

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုသူများအား လှူဒါန်းခြင်း

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုသူများအား လှူဒါန်းခြင်း

(၂.၁၁.၂၀၂၃) ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းဝင်များသည် တနင်္သာရီတိုင်း ထားဝယ်ဗုဒ္ဓတက်သိုလ်တွင် စာမေးပွဲဖြေဆိုသူ သံဃာတော်များနှင့် ကျောင်းသူ/ ကျောင်းသားများအား အအေးများလှူဒါန်းခြင်း ကုသိုလ်ပြုခဲ့ ကြပါသည်။

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပေးခြင်း

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပေးခြင်း

(၂.၁၁.၂၀၂၃) ရက်နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တင်္နသာရီတိုင်းဒေသကြီး ထားဝယ်ရိုးရာ သပိတ်‌မျှောပွဲတော်တွင် ထားဝယ်ရိုးရာ အက​အဖွဲ့ဖျော်ဖြေရေး ဥက္ကဋ္ဌတာဝန်၊ ဖွင့်ပွဲအခမ်းအနားတာဝန်နှင့် သပိတ်‌မျှောရန် သပိတ်များစီစစ်ခြင်းတာဝန်များကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

ရေပန့်တပ်ဆင်နိုင်ရန်အတွက် အလှူငွေလှူဒါန်းခြင်း

ရေပန့်တပ်ဆင်နိုင်ရန်အတွက် အလှူငွေလှူဒါန်းခြင်း

(၁.၁၁.၂၀၂၃)ရက်နေ့တွင် MWCDF အသင်း ဒုတိယဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာရှိ စက်ရေတွင်းအား ရေပန့်တပ်ဆင်နိုင်ရန်အတွက် လိုအပ်နေသော ကုန်ကျငွေအား အသင်းမှ (၈)သိန်းကျပ်နှင့် အလှူရှင် ဦးသန့်စင်+ဒေါ်အေးအေးခိုင်(မိသားစု)မှ (၁၀)သိန်းကျပ် စုစုပေါင်း-(၁၈)သိန်းကျပ်ကို မကွေးတိုင်းအသင်း ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၇.၁၀.၂၀၂၃)ရက်နေ့တွင် နေပြည်တော် MWCDF အသင်းဥက္ကဌ သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အသုံးဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

အသုံးဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

(၂၇.၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော် MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ်၊ တောင်သာဘိုးဘွားရိပ်သာသို့ အဖိုးအဖွား (၃၇)ဦးအတွက် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ အသုံးဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၅.၁၀.၂၀၂၃)ရက်နေ့တွင် (၅၀)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပပြုလုပ်ရာ MWCDF အသင်း ဥက္ကဌ၊ ဒုက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ပြီးအသင်း၏ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီးနောက်   ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။