သတင်း

စက်ချုပ်သင်တန်း တက်ရောက်ခြင်း

စက်ချုပ်သင်တန်း တက်ရောက်ခြင်း

(၂၈.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တူးမြောင်းကျေးရွာ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အမျိုးသမီးများဘဝရပ်တည်နိုင်ရေးအတွက် စက်ချုပ်သင်တန်းဖွင့်လှစ်ကျင်းပရာ ဒေးဒရဲမြို့နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များတက်ရောက်ပြီး သင်တန်းသူများအတွက် စက်ပစ္စည်းဆိုင်ရာအထောက် အကူပြုပစ္စည်းများ၊ မုန့်များ၊ အအေးများ ပေးဝေထောက်ပံ့ခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၂၅.၇.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် လယ်ဝေးမြို့နယ်၊ ထိန်အင်းကျေးရွာ၊ ဧလာတိဏ္ဏဆရာတော်အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေလှူဒါန်းခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးမျိုးစုံဆက်ကပ်လှူဒါန်းခြင်း၊ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ပျံချီ)သို့ တက်ရောက်နေသော ကျောင်းသား/သူများအတွက် လိုအပ်နေသော ကျောင်းဝတ်စုံအဖြူ/အစိမ်း (၃၄)စုံနှင့် ဆရာများအတွက် အင်္ကျီနှင့်ပုဆိုးတစ်စုံစီ သွားရောက်လှူဒါန်းခဲ့ပါသည်။

မီးဖွားစရိတ်ထောက်ပံ့လှူဒါန်းခြင်း

မီးဖွားစရိတ်ထောက်ပံ့လှူဒါန်းခြင်း

(၂၄.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဖျာပုံမြို့၊ (၁၆)ရက်အတွင်း၌ ဒုတိယကလေးမီးဖွားရန် ထောက်ပံ့မှုလိုအပ်နေသော အမျိုးသမီးငယ်အား ရပ်ကွက်ရုံး၌တွေ့ဆုံပြီး မီးဖွားစရိတ်အဖြစ်အလှူငွေ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၂၄.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံလူနာစောင့် (၁၂၀)ဦးအား ထမင်း၊ ကြက်သားဟင်းနှင့် ရေသန့်ဗူးများအား ပေးဝေလှူဒါန်းခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်ခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၃.၇.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ဓမ္မစေတီကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်မိသားစုများ၊ အမျိုးသမီးရေးရာကော်မတီဝင်များနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်ပြီး ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါ သည်။

စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

(၂၃.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဖျာပုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် ကျောင်း၌ဖွင့်လှစ်သော ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး  ထူးချွန်စွာသင်တန်းဆင်းသူ (၅)ဦးအား အမျိုးသမီးဘဝ တင့်တယ်စွာရပ်တည်နိုင်ရန်အတွက် ကိုယ်ပိုင်စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်သည်အထိရည်ရွယ်ပြီး သင်တန်းသူ(၁)ဦးလျှင် ငွေကျပ် (၁၅)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်၊ ဒါးစက်၊ ဘီတင်စက်၊ ကြယ်သီးရိုက်စက်နှင့်တကွ လိုအပ်သော စက်ချုပ်ကိရိယာပစ္စည်းများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။