သတင်း

စာရေးကိရိယာများထောက်ပံ့လှူဒါန်းခြင်းနှင့် အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့၊  နောက်ယားဖေးရွာ၊ အ.မ.က (ခွဲ)ကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအတွက် ဗလာစာအုပ်၊ လေးကြောင်းမျဉ်းစာအုပ်၊ ခဲတံများ ပေးအပ်လှူဒါန်းပြီး ပဲနို့နှင့် မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ မိသားစုနှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့၊ အ.ထ.က (၁၂)ကျောင်းတွင် တက်ရောက်နေသော နေရပ်စွန့်ခွါကျောင်းသား/သူများနှင့် ပညာသင်ကြားရန်အခက်အခဲရှိသော ကျောင်းသား/ သူများအတွက် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ ထီးနှင့် မိုးကာအင်္ကျီများကို တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများထံ ပေးအပ်လှူဒါန်းခဲ့ပါ သည်။      

နေရပ်စွန့်ခွါပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဘားအံမြို့၊ ကျောက်ကလာပ် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရောက်ရှိနေသော နေရပ်စွန့်ခွါပြည်သူများအတွက် လိုအပ်သော ဆန်၊ ဆီ၊ ဆားများဝယ်ယူနိုင်ရန် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

စာရေးကိရိယာများနှင့် ကျောင်းသုံးပစ္စည်းများသွားရောက်လှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဘားအံမြို့၊ အ.ထ.က (တရုတ်လှ)ကျောင်းသို့ သွားရောက်၍ ဗလာစာအုပ်နှင့် လေးကြောင်းမျဉ်းစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ ကွန်ပျူတာတင်ခုံ၊ ကျောမှီကုလားထိုင်၊ ပန်ကာရှည်၊ ကျောင်းသုံးပစ္စည်း လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး ပြခန်းတွင် အသင်း၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများကိုလည်း ပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ထားဝယ်မြို့၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပါသည်။