သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ရန်ကုန်မြို့၊ MICC ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသခြင်းနှင့် အသင်းဝင်များ၏ အိမ်တွင်းမှုသက်မွေးလုပ်ငန်းမှ ဘက်စုံသုံးဆပ်ပြာဆီ၊ သရက်ဖျော်ရည်နှင့် ခရမ်းချဉ်သီးဆော့ ထုတ်ကုန်များကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် မော်လမြိုင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများကိုပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အသင်းဝင် (၄)ဦးတို့သည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အသင်း၏ လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများကိုပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် (၃)ဦးတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။