သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၄)ဦးတို့သည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ကရင်ပြည်နယ်၊ ဘားအံ့မြို့၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက်လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်သည့်အတွက် လက်ခံရရှိခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် ဒုဥက္ကဌတို့သည် နေပြည်တော် MICC-2 တွင်ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌနှင့် ဒုဥက္ကဌတို့သည် နေပြည်တော် MICC-2 တွင်ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အထိမ်းအမှတ်ပြခန်းတွင် MWCDF အသင်းမှ ဝါးလက်မှုပစ္စည်းထုတ်ကုန်များ ခင်းကျင်းပြသခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခြင်း

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခြင်း

(၂.၇.၂၀၂၄)ရက်နေ့တွင်မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူးသော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို တက်ရောက်စိုက်ပျိုးခဲ့ပါသည်။