သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၆.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာပြီး အ.ထ.က ဆီဆိုင်တွင် ခေါက်ဆွဲခြောက် (၃၀၀)ထုပ်နှင့် ကြက်ဥပြုတ် (၃၀၀)လုံးတို့ကိုလှူဒါန်းခြင်း၊ အ.မ.က (၄)ဆီဆိုင်တွင် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံ (၅၀)စုံ လှူဒါန်းခြင်း၊ ဆီဆိုင်ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်း၊ ဘန်းရင်ဆေးရုံတွင် နေရပ်စွန့်ခွါလူနာများအတွက် တစ်ဦးလျှင်(၅၀၀၀)ကျပ်စီဖြင့် လူနာ (၁၆)ဦးအားပေးအပ်လှူဒါန်းခြင်း၊ အသင်းဥက္ကဌမှ အရေးပေါ်လိုအပ် လျက်ရှိသော Steel Tank (600L) (၁)လုံး၊ Steel Tank(1000L)(၂)လုံး၊

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ကိုယ်ကာယကြံ့ခိုင်ရေးအားကစားလှုပ်ရှားမှု အခမ်းအနား

ကိုယ်ကာယကြံ့ခိုင်ရေးအားကစားလှုပ်ရှားမှု အခမ်းအနား

(၂၅.၆.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် အားကစားဝန်ကြီးဦးစီးဌာနနှင့် မွန်ပြည်နယ် အမျိုးသမီးကော်မတီတို့ ပူးပေါင်းဆင်နွှဲသည့် ကိုယ်ကာယကြံ့ခိုင်ရေး အားကစားလှုပ်ရှားမှုအခမ်းအနားကို သွားရောက်အားပေးခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၄.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အနန္တဂုဏ်ရည်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

အနန္တဂုဏ်ရည်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနန္တဂုဏ်ရည်စာသင်တိုက်ရှိ ရှင်သာမဏေ (၂၅)ပါးအတွက် သင်္ကန်း၊ လွယ်အိတ်၊ စာအုပ်များနှင့် စာရေးကိရိယာများ သွားရောက် လှူဒါန်းခဲ့ကြပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၂၁.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေအသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။