သတင်း

ကျွေးမွေးလှူဒါန်းခြင်း

ကျွေးမွေးလှူဒါန်းခြင်း

(၂၀.၆.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသမီးများနေ့အကြိုအဖြစ် မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားသည့် အမှတ် (၁)၊(၂) မူလတန်းကျောင်းရှိ ကလေးငယ် (၄၅၀)ဦးအား နံနက်စာနှင့် ဖြည့်စွက်စွာများ ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။

နေရပ်စွန့်ခွါပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

နေရပ်စွန့်ခွါပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

(၂၀.၆.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမိသားစုမှ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းသို့ နေရပ်စွန့်ခွါပြည်သူများအား ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် အလှူငွေ(၂၅)သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၂၀.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၂၀.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌနှင့် တွဲဘက်အတွင်းရေးမှူးတို့သည် တတိယအကြိမ်မြောက် တိုင်းဒေသကြီးအမျိုး သမီးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်၍ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် ကြက်ခြေနီကြီးကြပ်မှုကော်မတီအစည်းအဝေး (၃/၂၀၂၄)ကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော Information, Management, Training-Data management in Excel သင်တန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ပါသည်။