သတင်း

စာပေဟောပြောပွဲတက်ရောက်ခြင်း

စာပေဟောပြောပွဲတက်ရောက်ခြင်း

(၁၇.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ တွဲဘက်အတွင်းရေးမှူးတို့သည် မြန်မာအမျိုးသမီးများနေ့အကြို စာပေဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းခင်းကုသိုလ်ဒါနပြုလုပ်ခြင်း

သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းခင်းကုသိုလ်ဒါနပြုလုပ်ခြင်း

(၁၅.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အဖွဲ့ဝင်သစ်(၅၀)ဦးနှင့် ကိုရီးယားဘာသာသင်ကြားနေသောလူငယ် လေးများနှင့်အတူ ညောင်ရွှေမြို့နယ်၊ နန်နဝန်ရပ်ကွက်အတွင်းရှိ ပေ(၅၀)လမ်းမကြီးဘေးယာများတွင် မျိုးသစ်ပင် (၃၀၀)ပင်စိုက်ပျိုးခြင်း၊ လမ်းမကြီးပေါ်ရှိပျက်စီးနေ‌သောနေရာများအား လမ်းခင်းကုသိုလ်ယူပြီး လက္ဘ်ရည်နှင့်မုန့်များဖြင့်ကျွေးမွေးကာ ကုသိုလ်ဒါနပြုခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၄.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ မြင်သာမြို့၊ မြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၃.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဇူလိုင် (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် အေးသာယာမြို့နယ်အတွင်းရှိ မုံတဝအခြေခံမူလတန်းကျောင်းသို့ သွားရောက်၍ စာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အသင်းဝင်သစ်များအား ကြိုဆိုပွဲအခမ်းအနား

အသင်းဝင်သစ်များအား ကြိုဆိုပွဲအခမ်းအနား

(၁၃.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် (၁၀)ဦးတို့သည် ပြည်နယ်အသင်း (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အသင်းဝင်သစ်များအားကြိုဆိုပွဲအခမ်းအနားကို ညောင်ရွှေ မြို့၊ ခိုင်မေတ္တာသင်တန်းခန်းမတွင် အစီအစဉ် (၅)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်သစ် (၄၀)ဦး တက်ရောက် တွေ့ဆုံခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၂.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် ပညာသင်ကြားနေသည့် ကိုရင်အပါး (၁၀၀)ကျော်အတွက်လိုအပ်နေသော သင်ကြားမှုအထောက်အကူပြု ပြဌာန်းစာအုပ်များဝယ်ယူနိုင်ရန် အလှူငွေ သွားရောက်လှူဒါန်းခဲ့ပါသည်။