သတင်း

သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၀.၂၀၂၃)ရက်မှ (၂၇.၁၀.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နေပြည်တောင်ကောင်စီအဖွဲ့ဝင်တို့ တက်ရောက်အမှာစကားပြောကြားပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်တိုင်း MWCDF ရုံးမှ ဥက္ကဌနှင့် သင်တန်းသူ (၃)ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းသင်တန်းမှာ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်းဖြစ်ပြီး သင်တန်းကာလ (၅)ရက် ဖြစ်ပါသည်။

ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၂၀.၁၀.၂၀၂၃)ရက်နေ့တွင် MWCDF ရုံးချုပ်မှ ဒုဥက္ကဌ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အညွှန်းကိန်းတွက်ချက်ရေး ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၉.၁၀.၂၀၂၃)ရက်နေ့တွင် နေပြည်တော် MWCDF အသင်း၏ (၆/၂၀၂၃)အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များတက်ရောက်၍ စတင်ဘာလအတွင်း အသင်းလှုပ်ရှားမှုများကို ပြန်လည်ရှင်းလင်းတင်ပြခြင်းနှင့် အောက်တိုဘာလအတွက် ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြပါသည်။

အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၁၈.၁၀.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေတိုက်ဖျက်စို့” ဆောင်ပုဒ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၁၈.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေတိုက်ဖျက်စို့” ဆောင်ပုဒ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၁၈.၁၀.၂၀၂၃)ရက်နေ့တွင် နေပြည်တော်၊ MICC -2 ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေတိုက်ဖျက်စို့”ဟူသည့်ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ MWCDF အသင်းရုံးချုပ်မှ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။