သတင်း

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၅.၆.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (၂၀၂၄)ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်စိုက်ပျိုးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၆.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

နားမကြားသောကလေးများကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

နားမကြားသောကလေးများကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၆.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မသန်စွမ်းသူများအားစောင့်ရှောက်မှုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်းသို့သွားရောက်၍ ကလေး(၂၅)ဦးအတွက် နေ့လည်စာအာဟာရ ကြက်သားဒံပေါက်၊ အအေးများ၊ ဆပ်ပြာမွှေးခဲများ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ဗလာစာအုပ်များကို လှူဒါန်းခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၃၀.၅.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ အားကစားဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာအသင်းတို့ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားလှုပ်ရှားမှု သရုပ်ပြပွဲပြုလုပ်ကျင်းပရန်အတွက် အစည်းအဝေးကိုတက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား

နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား

(၃၀.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်း၏ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို Sky Palace Hotel တွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဌ၏ဇနီး၊ နေပြည်တော်အမျိုးသမီးကော်မတီ ဥက္ကဌ၊ MWCDF အသင်းဗဟိုမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဥက္ကဌနှင့် အတွင်းရေးမှူး၊ နေပြည်တော်ရှိ NCCI, MCIA, MSME, MRESA, MRPDA စသည့်အသင်းအဖွဲ့ အစည်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၂၈.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၂)၌ကျင်းပပြုလုပ်သော နေပြည်တော် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။