သတင်း

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

(၂၄.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ပဲခူးမြို့၊ BBS ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား

သင်တန်းဆင်းပွဲအခမ်းအနား

(၂၄.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူးဖွင့်လှစ်သော သတ္တမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Elementary Level သင်တန်းဆင်းပွဲအခမ်းအနားကို အသင်းရုံး၌ကျင်းပပြုလုပ်ရာ အသင်းမှ ဒုဥက္ကဌများ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမနှင့် အ.ထ.က (၁၂) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အသင်းဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ  သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးမင်းစိုးသူရမှ အမှာစကားပြောကြားခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့်ပတ်သက်၍ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းသား/သူများအား သင်တန်းဆင်လက်မှတ်ပေးအပ်ခြင်း၊ သင်တန်းဆရာ/ဆရာမတို့ကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

(၅၃)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၅၃)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၂၄.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၅၃)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို အသင်းရုံးအစည်းအဝေးခန်းမ၌ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာဝေဝေသာမှ အမှာစကားပြောကြားပြီး မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်ခဲ့သည်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

(၂၃.၅.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဒေသခံတိုင်းရင်းသားများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေနွေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား

နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား

(၂၃.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။