သတင်း

သက်ကြီးပူဇော်ပွဲအခမ်းအနား

သက်ကြီးပူဇော်ပွဲအခမ်းအနား

(၉.၄.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

သက်ကြီးပူဇော်ပွဲအခမ်းအနား

သက်ကြီးပူဇော်ပွဲအခမ်းအနား

(၉.၄.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၆.၄.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း

ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း

(၅.၄.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ရောက်ရှိလာသော နေရပ်စွန့်ခွါမိသားစုများအား ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံးချုပ်၌ သွားရောက်တွေ့ဆုံ၍ ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်များ၊ အချိုရည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေး

ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေး

(၃.၄.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၃.၄.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၄)ဦးတို့သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနတို့မှ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် တိုက်ပွဲကြောင့်ထိခိုက်ခံစားရသော ဒေသခံပြည်သူလူထုများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ကျင်းပပြုလုပ်သော Child First Aid Training psychosocial support training ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။