သတင်း

စာရေးကိရိယာများနှင့် အာဟာရများ လှူဒါန်းခြင်း

စာရေးကိရိယာများနှင့် အာဟာရများ လှူဒါန်းခြင်း

(၁၆.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ရေလွှမ်းမိုးဒဏ်ခံခဲ့ရသော ဇိုင်းဂနိုင်း(မြောက်ပိုင်း) ရွှေတောင်ပရဟိတ (ဘ.က)ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ကျောင်းသား/သူများအား ကြာဇံကြော်အာဟာရဒါနနှင့် စာအုပ်၊ ခဲတံ၊ ဘောပင် တို့ကိုလှူဒါန်းပြီး ဆရာတော်ဘုရားအား နဝကမ္မဝတ္ထုငွေ (၁၀၀,၀၀၀)ကျပ်နှင့် ဆရာ/ဆရာမ (၁၀)ဦးအတွက် တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်း ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးကူညီထောက်ပံ့မှု

ကျန်းမာရေးကူညီထောက်ပံ့မှု

(၁၅.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ ယနေ့ ကာလဒါနအလှူအနေဖြင့် အမြင်အာရုံဝေဝါး၍ နာကျင်ကိုက်ခဲ‌နေသော မျက်လုံးအားခွဲစိတ်ရန်လိုအပ်လျက်ရှိသော အမျိုးသမီးလူနာအား ခွဲစိတ်မှုအထောက်အပံ့အတွက် အလှူငွေ ၅၀၀၀ဝိ/-ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။

သီလရှင်စာသင်တိုက်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

သီလရှင်စာသင်တိုက်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၀.၂၀၂၃) ရက်နေ့တွင် MWCDF (ဗဟို)အသင်းနှင့် ပြည်နယ်/တိုင်းများမှ စုပေါင်းလှူဒါန်းမှုများကို ပဲခူးတိုင်းဒေသကြီးMWCDF ဥက္ကဌကြီး၏ ဦးဆောင်မှုနှင့်အတူ MWCDF-Bagoအဖွဲ့ဝင်များမှ ပဲခူးမြို့ပေါ်ရှိ ရေလွှမ်းမိုးခံခဲ့ရ‌သော သီလရှင်စာသင်တိုက်များဖြစ်သည့် လိပ်ပြာကန်သီလရှင်စာသင်တိုက်နှင့် သုခိတာရာမသီလရှင်စာသင်တိုက်များကို သွားရောက်၍ လှူဒါန်းခဲ့ကြပါသည်။

ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၁၀.၂၀၂၃) သဘာဝဘေးအန္တရာယ်ဖြစ်ပေါသည့် ပဲခူးမြို့၊ ဖောင်တော်ဦးကျောင်းသစ် ရေဘေးစခန်းသို့ MWCDF အသင်းနှင့် ပြည်/နယ်တိုင်းအသင်းများမှ ထမင်းဗူးများ၊ ရေသန့်ဗူးများနှင့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၁၀.၂၀၂၃)နေ့တွင် MWCDF အသင်း၏ နာယကကြီး (မိသားစု)မှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၅၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးကုသခံယူနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို အလှူရှင် (မိသားစု)ကိုယ်စား MWCDF အသင်း ဥက္ကဌ၊ တွဲဘက်ဘဏ္ဍာရေးမှူး၊ နေပြည်တိုင်းအသင်း ဥက္ကဌ တို့မှ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြပါသည်။

ပဲခူးရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှု

ပဲခူးရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှု

(၁၁.၁၀.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များမှ ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၆၅၀,၀၀၀)ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။