သတင်း

ပြည်နယ်ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

ပြည်နယ်ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

(၂၈.၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအစည်းအဝေးနှင့် ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား တက်ရောက်ခြင်း

အခမ်းအနား တက်ရောက်ခြင်း

(၂၈.၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်ခြင်း

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်ခြင်း

(၂၅.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပဲခူးမြို့၊ ဗုဒ္ဓဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်သည့် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်လှူဒါန်းပူဇော်ခြင်း

ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်လှူဒါန်းပူဇော်ခြင်း

(၂၂.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဌာပနာထည့်သွင်းခြင်းမင်္ဂလာအခမ်းအနားတွင် ဌာပနာထည့်သွင်းလှူဒါန်းခြင်း၊ ဆွဲလည်းလှူဒါန်းခြင်း၊ ပန်းများလှူဒါန်းပူးဇော်ခြင်းများဖြင့် ကုသိုလ်ပါဝင်ယူခဲ့ကြပါသည်။

အဝေရာသုခကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

အဝေရာသုခကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ အဝေရာသုခကျောင်းတိုက်တွင် (၅)ရက်တိုင်တိုင်ကျင်းပပြုလုပ်သော (၂၆)ကြိမ်မြောက် အသံမစဲမဟာကျမ်းမြတ်ပူဇော်ပွဲ အခမ်းအနားတွင် အာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကိုဆက်ကပ်လှူဒါန်းပြီး နေ့စဉ်ဝေယျာဝစ္စကုသိုလ်ဆောင်ရွက်ပေးခဲ့ပါသည်။

အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနေ့အခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနေ့အခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

(၂၁.၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သန္တာရာမသီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သော အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနေ့အခမ်းအနားတွင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းကပ်လှူဒါန်းခြင်း၊ တိုက်အုပ် သီလရှင်ဆရာကြီးအား နဝကမ္မဝတ္ထုငွေလှူဒါန်းခြင်း၊ ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများလှူဒါန်းခြင်းနှင့် အသက် (၇၀)ကျော် သီလရှင်ဆရာကြီး (၁၃)ပါးတို့အား တစ်ပါးလျှင် အလှူငွေ (၁၀,၀၀၀)ကျပ်စီ လှူဒါန်းဒါနပြုခဲ့ကြပါသည်။