သတင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF) အသင်းမှ ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဥတ္ကရသီရိမြို့နယ်၊ ကုတင်(၅၀၀) ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော မီးဖွားမိခင်များနှင့် အမျိုးသမီးလူနာများအား နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်းနှင့် မုန်လာဥချဉ်ရည်ဟင်းတို့ကို ပေးဝေလှူဒါန်းခဲ့ကြပါသည်။

မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၃.၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ အမှတ် (၁)မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ပြီး အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးပါသော မူကြိုကလေးငယ်အဖွဲ့ (၄)ဖွဲ့အား ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းရှိ ကလေးဦးရေ (၄၀၀)ဦးအား အာဟာရကြက်ပေါင်းခေါက်ဆွဲ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း

ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း

(၁၂.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သောတိုင်းဒေသကြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး တိုင်း MWCDFအသင်း ဥက္ကဌအား လူမှုထူးချွန် ပထမအဆင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် ဆုလက်ခံရယူခဲ့ပါသည်။

သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၂.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားတက်ရောက်ခြင်း

ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၂.၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဗဟိုအလုပ်အမှုဆောင်သည် နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်၌ ကျင်းပပြုလုပ် သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အသဲခြောက်လူနာရှင်အမျိုးသမီးအား ထောက်ပံ့ခြင်း

အသဲခြောက်လူနာရှင်အမျိုးသမီးအား ထောက်ပံ့ခြင်း

(၁၀.၂.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ တပ်မတော်အငြိမ်းစားအိမ်ရာတွင် ကျန်းမာရေးကူညီစောင့်ရှောက်ရန်လိုအပ်နေသော အသဲခြောက်လူနာရှင်အမျိုးသမီးအားသွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။