သတင်း

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနား

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနား

(၁၉.၁၂.၂၀၂၃)ရက်နေ့တွင် MWCDF ဗဟိုရုံးချုပ်အသင်း၊ လပြည့်ဝန်းမိသားစုဖောင်ဒေးရှင်းနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Sowers Action (Hong  Kong)တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် အိမ်ထောင်စု (၁၆၀၀)စုအား တစ်အိမ်ထောင်လျှင် (30kg)နှုန်းဖြင့် ဧည့်မထဆန် (10kg)အိတ် (၄၈၀၀) လှူဒါန်းခြင်းနှင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားတွင် MWCDF အသင်း ဥက္ကဌ၊ တွဲဘက်အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်း MWCDF အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ အသင်းမှ လက်ခံရယူခဲ့ပါသည်။

တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ရိက္ခာများထောက်ပံ့ပေးခြင်း

တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ရိက္ခာများထောက်ပံ့ပေးခြင်း

(၁၉.၁၂.၂၀၂၃)ရက်နေ့တွင် ကရင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့(မြောက်ပိုင်း)နောင်တစ်ပွဲရွာနှင့် ထီဖိုးစံရွာတို့တွင်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စုပေါင်း (၄၆၅)စု လူဦးရေးစုစုပေါင်း ပျမ်းမျှနှစ်ထောင်နီးပါးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘူးသီး၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုတ်၊ ငရုတ်သီးအစိမ်း/အခြောက်၊ ခရမ်းချဉ်သီးများစသည့် အသီးအနှံအစုံများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

(၁၇.၁၂.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ မန္တလေးတိုင်း MWCDF အသင်းမှ ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

သင်တန်းဆင်ပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဆင်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၅.၁၂.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)တို့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဘားအံပြည်သူ့ဆေးရုံနှင့် တောင်ကလေးစစ်ဆေးရုံတွင် ဆေးကုသခံယူနေသော လူနာများအား ကူညီထောက်ပံ့လှူဒါန်းခြင်း

ဘားအံပြည်သူ့ဆေးရုံနှင့် တောင်ကလေးစစ်ဆေးရုံတွင် ဆေးကုသခံယူနေသော လူနာများအား ကူညီထောက်ပံ့လှူဒါန်းခြင်း

(၁၅.၁၂.၂၀၂၃)ရက်နေ့တွင် ကရင်ပြည်နယ် MWCDF အသင်းမှ ဘားအံပြည်သူ့ဆေးရုံတွင် စစ်ဘေးကြောင့် ဆေးကုသခံယူနေသော သံဃာတော် (၁၅)ပါး ကျန်းမာရေးစစ်ဆေးမှုအတွက် ဝတ္ထုငွေ လှူဒါန်းခြင်း၊ စစ်ဘေးရှောင်စခန်းမှ ပြည်သူ့ဆေးရုံတွင် တက်ရောက်မီးဖွားနေသော မွေးလူနာတစ်ဦးအား အလှူငွေ ထောက်ပံ့လှူဒါန်းခြင်း၊ တောင်ကလေးစစ်ဆေးရုံတွင် ဆေးကုသခံယူနေသော စစ်ဘေးသင့် သံဃာတော်(၁)ပါးနှင့် စစ်ဘေးသင့်ပြည်သူ အမျိုးသား/သမီးပေါင်း (၈)ဦးတို့အား ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတက်ရောက်ခြင်း

ဆွေးနွေးပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၂.၁၂.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP)အတွက် အထောက်အကူဖြစ်စေရန် (MSME) လုပ်ငန်းရှင်များပံ့ပိုးကူညီနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။