သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ် အမှုဆောင်များသည် ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် တိုင်းတပ်တွင်းမူလတန်းကြိုကျောင်းသို့သွားရောက်၍ မူကြိုကလေး ကျား ၁၁ ဦး၊ မ ၆ ဦးတို့အား ကစားစရာပစ္စည်းရုပ်စုံပုံးများ၊ ပေါင်မုန့်နှင့် အိုဗာတင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ၇.၁၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၃)ခန်းမတွင်ကျင်းပပြုလုပ်သော ထားဝယ်ရိုးရာယဉ်ကျေးမှုအက အခြေခံအကကွက်နှင့် အကဟန်များသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ကျွေးမွေးလှူဒါန်းခြင်း

ကျွေးမွေးလှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၅.၁၁.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာ၌ကျင်းပပြုလုပ်သော တန်ဆောင်တိုင်မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွင် စတုဒီသာအဖြစ်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၃၇၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားကျင်းပခြင်း

အခမ်းအနားကျင်းပခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ လောကမာရဇိန့်ဘုရားကြီး ဂေါပကအဖွဲ့မှကြီးမှူးကျင်းပသော ရပ်ကွက်ပေါင်းစုံနှစ်ကျိပ်ရှစ်ဆူဘုရား မြို့လုံးပတ်လှည့်လည် ပူဇော်ပွဲနှင့် ထားဝယ်ရိုးရာယဉ်ကျေးမှုအကပွဲတွင် အသင်း ဥက္ကဌ မှ ဖဲကြိုးဖြတ်၍ ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါသည်။

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်သော တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ အခမ်းအနားတွင်ပါဝင်၍ စတုဒီတာအဖြစ် ခေါက်ဆွဲကြော်၊ ဒိုးနတ်မုန့် နှင့် ပေါင်မုန့်များ ပါဝင်ကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုစုစုပေါင်း ၄၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ ဗောဓိကုန်းမိုးကုတ်ဓမ္မရိပ်သာ၌ တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ လှူဒါန်းမှုစုစုပေါင်း သိန်း (၅၀)ကျပ် ဖြစ်ပါသည်။