သတင်း

မဟာဘုံကထိန်အလှူတော်မင်္ဂလာ

မဟာဘုံကထိန်အလှူတော်မင်္ဂလာ

ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များစု ပေါင်းမဟာဘုံကထိန်အခမ်းအနားကို ၃.၁၁.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သုဓနုအိမ်ရာအနီး၊ သဒ္ဓမ္မဇောတိကကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်အာနိသင်ငါးပါးရပါစေခြင်းအကျိုးငှာ ကထိန်သင်္ကန်းနှင့် ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် သည် ၃.၁၁. ၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ‌ဒေါက်တာကြူကြူအေး နှင့် အလုပ်အမှုဆောင် ဒေါ်အေးအေးဝင်း တို့သည် ၃၁.၁၀.၂၀၂၅ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းဝင်သစ်များသည် ၂၉.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရုံးခန်းသစ်ဖွင့်လှစ်ခြင်း၊ ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ‌ဒေါက်တာကြူကြူအေးသည် ၂၈.၁၀.၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂၃)၊ လူမှုဝန်းထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တက်ရောက်‌ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့သည် ၂၇.၁၀.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ လူမှုဝန်ထမ်းရုံး အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေးကိုတက်ရောက်ခဲ့ပါသည်။