သတင်း

ရွှေကြာပျိုးခင်း အမှတ်(၁)ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း အမှတ်(၁)ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၉.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း MWCDF အသင်း အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ်(၁) ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေ၊ လှူဖွယ်များ ကပ်လှူခြင်းနှင့် ကျောင်းရှိ ရဟန်း၊ သာမဏေ၊ ဆရာ/မများ၊ ကျောင်းသား/သူများအတွက် စာရေးကိရိယာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် ကျောင်းဝတ်စုံများ လှူဒါန်းခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၂၂.၉.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အတွင်းရေးမှူး တို့သည် တောင်ကြီးမြို့၊ မူလတန်းကြိုကျောင်းခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကျင်းပပြုလုပ်သာ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းဥက္ကဌ သည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၆.၉.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၌ ကျင်းပပြုလုပ်သော “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း

အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း

(၁၆.၉.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌ သည် ထားဝယ်မြို့၊ အ.ထ.က(၂) နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။

NSPAW အစည်းအဝေးတက်ရောက်ခြင်း

NSPAW အစည်းအဝေးတက်ရောက်ခြင်း

(၁၅.၉.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး (၁) ဦးသည် နေပြည်တော်၊ Kumudra Ballroom, Hotel Max ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။