သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ဧရာ​ရွှေဝါခမ်းမ၌ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံမိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၏ (၃၄)နှစ်​မြောက် နှစ်ပတ်လည်​အစည်းအ​ဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့၊ မင်္ဂလာသီရိပတ္တာကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေ ၁,၇၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီး/ ဆရာလေးတို့ထံ ဝတ္ထုငွေ၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်(နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ ၁,၆၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၀.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပါ​မောက္ခ/ အထူးကုဆရာဝန်ကြီးများ၏​ မွေးရာပါနှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲလူနာခွဲစိတ်ကုသမှု အစီအစဉ်တွင် တက်​ရောက်ခွဲစိတ်သည့် လူနာများအား MWCDF(AYY) အသင်းမှသွား​ရောက်​တွေ့ဆုံ အား​ပေး၍ အလှူ​ငွေ ၃၀၀,၀၀၀/-ကျပ် ​ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနား

တွေ့ဆုံပွဲအခမ်းအနား

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၁၉.၁၀.၂၀၂၅ ရက်နေ့၌ကျင်းပပြုလုပ်သော ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ယာယီသမ္မတ၊ နိုင်ငံ​တော်လုံခြုံ​ရေးနှင့်​အေးချမ်းသာယာ​ရေး​ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုသိမ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်​ တွေ့ဆုံပွဲအခမ်းအနားသို့ တက်​​ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် အသင်းအလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြီး အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြပါသည်။