သတင်း

ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်ခြင်း

ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၃-၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများ ချီးမြှင့်ခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၂၃)နေ့တွင် MWCDF အသင်းမှ  ဒုတိယဥက္ကဌနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းနှင့် လက်ဖက်သုပ်ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ရတနာဥယျာဉ် မူလတန်းကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရတနာဥယျာဉ် မူလတန်းကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၉.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ကိုယ့်အားကိုယ်ကိုး ရတနာဥယျာဉ်မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများ ပေးအပ်လှူဒါန်းပြီး အာဟာရအဖြစ် ကြက်သားဆန်ပြုတ် တိုက်ကျွေးခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

(၁၂.၉.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရုံးချုပ်၌ ကျင်းပပြုလုပ်သော စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ရတနာစံပရိယတ္တိစာသင်တိုက်မှ သံဃာတော်အရှင်မြတ်(၅)ပါး ပင့်ဖိတ်၍ ဒုတိယဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းပြီး နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၇.၉.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မန္တလေးမြို့၊ အ.ထ.က(၁၆)တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကျင်းပပြုလုပ်သော “၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။