သတင်း

သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခြင်း

သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခြင်း

(၇.၉.၂၀၂၃ မှ ၉.၉.၂၀၂၃)ရက်နေ့အထိ တနင်္သာရီတိုင်း MWCDF အသင်းဥက္ကဌသည် ထားဝယ်မြို့တွင် ဖွင့်လှစ်ကျင်းပသော ထားဝယ်တိုင်းရင်းသား ဘာသာစာပေသင်ဆရာဖြစ်သင်တန်းတွင် ကျောင်းဆရာ/မများအား မူလတန်း အောက်ဆင့်သင်ရိုးညွှန်းတမ်းသင်ကြားနိုင်ရေးအတွက် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ကော်မတီအစည်းအဝေးပွဲနှင့် ဆွေးနွေးပွဲတက်ရောက်ခြင်း

ကော်မတီအစည်းအဝေးပွဲနှင့် ဆွေးနွေးပွဲတက်ရောက်ခြင်း

(၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော “ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး ဆွေးနွေးပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌ သည် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အသံမစဲပဌာန်းပွဲတွင် အလှူငွေ လှူဒါန်းခြင်း

အသံမစဲပဌာန်းပွဲတွင် အလှူငွေ လှူဒါန်းခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းသည် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသော လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲတွင် အလှူငွေ(၂)သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါသည်။

အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃.၉.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ အဝတ်သေတ္တာပုံးများလှူဒါန်းခြင်း၊ ရခိုင်မုန့်တီနှင့် ကြက်ဥများ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကျောင်းသား/သူကလေးများအား အာဟာရနှင့် ကစားစရာအရုပ်များ လှူဒါန်းခြင်း

ကျောင်းသား/သူကလေးများအား အာဟာရနှင့် ကစားစရာအရုပ်များ လှူဒါန်းခြင်း

(၁.၉.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ မူကြိုနှင့် KG တန်းမှ ကျောင်းသား/သူ ကလေးများအား ကြက်သားအာဟာရဆန်ပြုတ်နှင့် ပဲနို့များ တိုက်ကျွေးပြီး ကလေးကစားစရာအရုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။