သတင်း

အသင်းဝင်သစ်များအား ဝတ်စုံများ ပေးအပ်ခြင်း

အသင်းဝင်သစ်များအား ဝတ်စုံများ ပေးအပ်ခြင်း

(၃.၉.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် အသင်းအဖွဲ့ဝင် အသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခဲ့ပါသည်။

ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း

ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း

(၃-၉-၂၀၂၃)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မြောက်ဒဂုံ ၃၃ ရပ်ကွက်၊ ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ပြီး နဝကမ္မဝတ္ထုငွေ၊ အချိုရည်၊ မုန့်မျိုးစုံနှင့် ဆပ်ပြာများ လှူဒါန်းခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၂၂.၈.၂၀၂၃ မှ ၂၃.၈.၂၀၂၃)ရက်နေ့အထိ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌသည် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ ပူးပေါင်းပြီး Legal Clinic Myanmar ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)က ပဲခူးမြို့၊ ကမ္ဘောဇသာဒီဟိုတယ်၌ ဖွင့်လှစ်သည့် ဥပဒေရေးရာအသိပညာပေးခြင်း(၂)ရက်တာသင်တန်းသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃၀.၈.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းများကို လေ့လာခဲ့ပါသည်။

ဂုဏ်ပြုချီးမြှင့်ခြင်း

ဂုဏ်ပြုချီးမြှင့်ခြင်း

(၂၇.၈.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ရမ္မဇူကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူအား (၅၀၀၀၀)ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်၍ အလှူငွေ၊ ကျောင်းသုံးစာရေး ကိရိယာ၊ ကလေးကစားစရာအရုပ်များ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။