သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၁၀.၂၀၂၅ ရက်နေ့တွင် ချင်းပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ဗေသလဘိုးဘွားရိပ်သာ၊ သုခိတာသီလရှင်စာသင်တိုက်၊ နိုမန်းပန်းဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လာခိုမိဘမဲ့ဂေဟာ၊ ကျိမ်နွမ်နေ့မူကြိုကျောင်းများသို့သွားရောက်၍ ထောက်ပံ့ငွေ ၃၀၀,၀၀၀/-ကျပ်၊ ဗလာစာအုပ်၊ မားမားချဉ်စပ်၊ ကုလားပဲ၊ ကြက်ဥ စသည့်ပစ္စည်းတန်းဖိုးသင့်ငွေ ၂၃၀,၀၀၀/-ကျပ်ဖြစ်ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၅၃၀,၀၀၀/-ကျပ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၁၀.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေနှင့် အဖွဲ့ဝင် ၃ ဦးသည် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) (2025) “‌ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သော အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဆုရရှိသောကျောင်းသား/သူများအား ဆိုများချီးမြှင့်နိုင်ရန်အတွက် ၇၀၀,၀၀၀/-ကျပ်ကို လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၀.၁၀.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းရုံးခန်းမ၌ (၂၀၂၅)ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်နိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction–IDDRR) (2025) “‌ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သော အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၁၀.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း၊ ဒုဥက္ကဌ ဒေါ်သူဇာဝေ နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မွန်မွန်ထက် တို့သည် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁)(MICC-1)၊ ကျောက်စိမ်းခန်းမ၌ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ၁ ဦးသည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အခါသမယ၌ လယ်ဝေးမြို့၊ ဧလာတိဏ္ဏစေတီတော်မြတ်ကြီးမှာ ဗုဒ္ဓရုပ်ပွါးတော် ၁၀၈ ဆူ တန်ဖိုး ၈၁၀၀၀၀/-ကျပ် ၊ ရေစေတီအကြီးတစ်ဆူ ရေသန့် ၁၀၈ ကဒ် တန်ဖိုး ၄၅၃၆၀၀/-ကျပ်၊ ပန်းတစ်သောင်း + သစ်သီးတစ်သောင်း + ဆီမီးတစ်သောင်းအတွက် အလှူငွေကျပ် နှစ်သိန်း၊ ဆရာတော်နဝကမ္မ အလှူငွေကျပ်တစ်သိန်း စုစုပေါင်းအလှူငွေကျပ် ၁၅၆၃၆၀၀/-ကျပ်(တစ်ဆယ့်ငါးသိန်း ခြောက်သောင်းသုံးထောင့်ခြောက်ရာကျပ်) တိတိကို စုပေါင်းလှူဒါန်းခဲ့ကြပါသည်။