သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ယဉ်ကြည်သည် လားရှိးမြို့၊ အထက (၆) ကျောင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁ ဦးသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊  စုပေါင်းရုံးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၄.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁ ဦးသည် (၂၆ )  ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့  မကွေးတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား  အောင်သပြေပန်းဖြင့်ပို့ဆောင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

၃.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၂ ဦးသည် မကွေးပညာရေးကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သော  ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင်ဖွင့်လှစ်သော ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)  အမှတ်စဉ် ၂  သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၁၀.၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁ ဦးသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ မကွေးတိုင်း ဒေကြီးအစိုးရအဖွဲ့မှကျင်းပပြုလုပ်သော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ဗဟိုအဆင့်ပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ အ.ထ.က (၃) ရှိ   အသက်  ၅ နှစ်မှ  ၇  နှစ်ကျော်သော  KG ကလေးများအား  DT ( ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) နှင့်  အသက်  ၉ နှစ်ပြည့်ပြီး  ၁၀  နှစ် မကျော်သော ကျောင်းသား/သူများအား (HPV)  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။