သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၅ ဦးသည် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  ”   အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဘိုး/ ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အလှူငွေများ လှူဒါန်းကန်တော့ခဲ့ကြပါသည်။ လှူဒါန်းမှုငွေ ၁၃၆,၀၀၀/-ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် ကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပသော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ၃ ဦးသည် ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း နှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်၊ လယ်ဝေးမြို့ ဗောဓိကုန်းမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ တရားစခန်းဖွင့်ပွဲတွင် သံဃာတော်များနှင့် ယောဂီများ နေ့ဆွမ်းအတွက် အလှူငွေ ၅၀၀,၀၀၀/- ကျပ် လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း နှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးမွန်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဘိုး/ဘွား ၁၀၂ ဦးအတွက် မျက်နှာသုပ်ပဝါ ၁၀၂ ခု ပေးအပ်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုငွေ ၃၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။