သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၈.၈.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် ဒုဥက္ကဌတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အာဟာရဌာန)နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် “တန်ဖိုးသင့်အာဟာရပြည့် အစားအစာ ချက်ပြုတ်သရုပ်ပြပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

MMCWA အသင်းမှ ကျင်းပသော အခမ်းအနား တက်ရောက်ခြင်း

MMCWA အသင်းမှ ကျင်းပသော အခမ်းအနား တက်ရောက်ခြင်း

(၁၈.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA) မှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

သုံးမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့ခြင်း

သုံးမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့ခြင်း

(၁၆.၈.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံတွင်လာရောက်၍ (၃)မွှာပူး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးများအား ထောက်ပံ့ငွေနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၁၆.၈.၂၀၂၃)ရက်နေ့၊ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ဖွင့်လှစ်သော “ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန့်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားရေးယန္တရားအား ပြည်သူသို့ အသိပညာပေးသင်တန်း” တွင် တက်ရောက်ခဲ့ပါသည်။

အမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့မှု

အမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့မှု

(၁၄.၈.၂၀၂၃)နေ့တွင် MWCDF အသင်း ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၌ တက်ရောက်မီးဖွားနေသော လယ်ဝေးမြို့နယ်မှ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများ၊ ရမည်းသင်းမြို့နယ်မှ နှစ်မွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအားသွားရောက်၍ ထောက်ပံ့ငွေများလှူဒါန်းပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ  ဒုတိယဥက္ကဌနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။