သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့်၊ အတွင်းရေးမှူး ဒေါ်ရီရီတင်နှင့် အဖွဲ့ဝင် ၃ ဦးသည် ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များ​နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဘိုး/ဘွားများအား ကျန်းမာ​ရေး​စောင့်​ရှောက်​ပေး​နေမှု့ကိုကြည့်ရှု့အား​ပေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၂ ဦးသည် ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီး ပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၃ ဦးသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြလုပ်သော  အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဘိုး/ဘွား ၃၇ ဦးအား တစ်ဦးလျှင် ၁၀,၀၀၀/-ကျပ်နှုန်းဖြင့် လှူဒါန်းထောက်ပံ့ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၇၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေ သည် မြစ်ကြီးနားမြို့၊ တောင်တန်းသာသနာပြုအံတော်ရှင် ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂွိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်နန်းမြင့်တင်၊ ဒုဥက္ကဌ နန်းလှယဉ်မေ၊ အတွင်းရေးမှူး နန်းခင်သက်မာဝင်း နှင့် အဖွဲ့ဝင် ၁ ဦးတို့သည် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဘိုး/ဘွား ၈၃ ဦးအား အလှူငွေများ လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်ဗျားမြာမောင် တို့သည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော စွန့်ပစ်ခံ မွေးကင်းစကလေးငယ်တစ်ဦး (မ)အား သွားရောက်ကြည့်ရှုပြီး လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။