သတင်း

ကလေးပြုစုရေးဌာနသို့ သွားရောက်လှူဒါန်းခြင်း

ကလေးပြုစုရေးဌာနသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၈.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ကလေးပြုစုရေးဌာနသို့ သွားရောက်၍ ကလေးများအတွက် ကလေးကစားစရာပစ္စည်းများ၊ ဗလာစာအုပ်၊ ပဲနို့နှင့် မုန့်များ ပေးဝေလှူဒါန်းပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၂.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပညာမွန်ရေဘေး ကယ်ဆယ်ရေးစခန်းရှိ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ(၁၀၀၀)ကျော်အား ထမင်းဟင်းများ၊ ပေါင်မုန့်နှင့် မုန့်ခြောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လမင်းပရိယတ္တိစာသင်တိုက်ကျောင်းရှိ စာသင်သာမဏေပေါင်း (၅၃)ပါးနှင့် ရဟန်းသံဃာတော်များ ဆွမ်းအတွက် အလှူငွေ-(၃)သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘားအံမြို့နယ်၊ ရေကြီးနစ်မြုပ်နေသော သုခဝတီသီလရှင်စာသင်တိုက်သို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း(ဆယ်အိမ်စု)ကျေးရွာ၊ ကျေးရွာဓမ္မာရုံရေဘေးစခန်းရှိ အိမ်ထောင်စုများအတွက် ခေါက်ဆွဲခြောက်၊ ရေသန့်ကဒ်၊ စားဆီ၊ အသားတုခြောက်များ ပို့ဆောင်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုပေါင်း(၈၅)စု လူဦးရေပေါင်း-(၃၈၅)ဦးအတွက် ခေါက်ဆွဲခြောက်နှင့် ရေသန့်ကဒ်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။