ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ ရေကြီးနစ်မြုပ်နေသော ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်ရှိ ဆရာကြီးနှင့် ဆရာလေးအပါး(၁၅၀)တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ ရေကြီးနစ်မြုပ်နေသော ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်ရှိ ဆရာကြီးနှင့် ဆရာလေးအပါး(၁၅၀)တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(၁၁.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် ဥတ္တရသီရိ မြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းရှိ သံဃာတော်များ၊ စာသင်ကိုရင်လေးများအတွက် နဝကမ္မဝတ္ထုအလှူ၊ ဝါဆိုသင်္ကန်း၊ လှူဖွယ်စုံများ၊ ဆေးဝါး၊ စာရေးကိရိယာ၊ အခြေခံစားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။
(၁၁.၈.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံ စာသင်ခန်းမတွင် အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် – အသင်းအကြောင်း ရှင်းလင်းပြသပေးခြင်းနှင့် အသင်းလှုပ်ရှားမှုအဖြစ် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုဖြစ်သော ဆပ်ပြာဆီထုတ်လုပ်ခြင်းနှင့် လက်သန့်ဆေးရည်ပြုလုပ်နည်းပညာများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပါသည်။ အမျိုးသမီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆပ်ပြာဆီဖျော်နည်းသင်တန်းနှင့် Handgel ဖျော်နည်းသင်တန်းကို လက်တွေ့ပို့ချပေးသည့်အပြင် ကုန်ကြမ်းမှ ကုန်ချောစနစ်ထိ ထုတ်ပိုးမှုစနစ်အဆင့်ဆင့်ကို လက်တွေ့ပြသပေးခဲ့ပါသည်။
(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် သုမေဓါရာမကြားတောရကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၃၅)ဦးအတွက် မာမားခေါက်ဆွဲခြောက်(၃၂)ဖါ၊ ရေသန့်ကြီး(၂၅)ကဒ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
(၁၁.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပညာမွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော ရေဘေးသင့်ပြည်သူများနှင့် ရပ်ကွက်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား စားသောက်ကုန်များ၊ ထမင်းထုပ်၊ ရေဘူး၊ ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်းခဲ့ပါသည်။
(၁၁.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပညာမွန် ရေဘေးကယ်ဆယ်ရေးစခန်းမှ မိဖွားမည့် မိခင်နှင့် ရွှေချောင်းအနီး ကလျာနီ ရေကြီးနစ်မြုပ်နေသော ရပ်ကွက်မှ မီးဖွားမည့် မိခင်တို့အား မိခင်ကလေးသားဖွားခန်းသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါး၊ အဝတ်အထည်၊ အနှီးပိတ်စ၊ အလှူငွေနှင့် စားသောက်ဖွယ်ရာများ ကူညီပံ့ပိုးလှူဒါန်းပေးခဲ့ပါသည်။