သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၈.၉.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အသင်းဝင် ၂ ဦးတို့သည် စက်တင်ဘာလလှူဒါန်းမှုအဖြစ် ရွှေကျင်တိုက်မကြီးကျောင်းတွင် ဆရာတော်ကြီး၏ စောင့်ရှောက်မှုဖြင့်ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုး(အ.ထ.က)မှ တိုက်ပွဲရှောင် ကျောင်းသား‌/သူ ၁၁၂ ဦးအတွက် စာရေးကိရိယာများနှင့် ဆီချက်ခေါက်ဆွဲထုတ်များ လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ၅ ဦးကိုလည်း ဆုငွေနှင့် စာရေးကိရိယာများချီးမြှင့်ခဲ့ပါသည်။ လှူဒါန်းငွေစုစုပေါင်း ၃၁၃,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၉.၉.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်အိစုကျော်သည် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်၊ ရွှေတောင်လမ်းရှိ ဒေါ်ချိုမာ ၏နေအိမ်ခြံဝန်းရှေ့တွင် မွေးကင်းစကလေးငယ်တစ်ဦး(မ)အား ၂၈.၉.၂၀၂၅ ရက်နေ့ ညဘက်တွင် လာရောက်စွန့်ပစ်ထားသဖြင့် ၎င်းနေအိမ်တွင် ရေဘေးကြောင့်ယာယီရောက်ရှိတည်းခိုနေသူ နန်းခင်သန္တာထွေး (ဘ) စိုင်းဘသန်း က နို့မှုန့်တိုက်ကျွေးကာစောင့်ရှောက်ထားကြောင်းသိရှိရသဖြင့် ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းရီနှင့် အလုပ်အမှုဆောင်များကို စေလွှတ်၍ သွားရောက်ကြည့်ရှုစေခဲ့ပြီး ကလေးအတွက် လိုအပ်သောအနှီး(ဖြူ)၊ အနှီး(ဖလံထည်)၊ နို့မှုန့်၊ နို့ဗူး၊ တစ်ရှူး၊ ကလေးသေးခံများအား ဝယ်ယူထောက်ပံ့ပေးခဲ့ပါသည်။

အလှူငွေလက်ခံရရှိခြင်း

အလှူငွေလက်ခံရရှိခြင်း

၂၈.၉.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်တင်စိန် နှင့် အလုပ်အမှုဆောင်များသည် အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခဲ့ပြီးနောက် အလှူငွေပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ အသင်းအမှုဆောင် နန်းခမ်းဘွဲ့က အလှူငွေ ၁,၀၀၀,၀၀၀/-ကျပ်၊ ဒေါ်အေးမြသဲဖြူက အလှူငွေ ၅၀၀,၀၀၀/-ကျပ်၊ ဒေါ်ခင်သီတာဌေးက အလှူငွေ ၁၀၀,၀၀၀/-ကျပ် ကို ရန်ကုန်တိုင်းအသင်းရံပုံငွေအဖြစ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် နန်းခမ်းဘွဲ့နှင့် ဒေါ်အေးမြသဲဖြူတို့က ၎င်းတို့ထုတ်ကုန်များကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါသည်။

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

၂၈.၉.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်တင်စိန် နှင့် အလုပ်အမှုဆောင်များက အသင်းဝင်အသစ်များအားတွေ့ဆုံ၍ အသင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အသင်းတံဆိပ်၏ အဓိပ္ပာယ်၊ အသင်း၏ဆောင်ပုဒ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အသင်းဝင်အသစ်များအား ဆောင်ရန်ရှောင်ရန်များ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဝတ်စုံများပေးအပ်ကာ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၅.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အလုပ်အမှုဆောင်များသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဓာနနာယကဆရာတော်ကြီး (၁၅)ပါး ကြီးမှူးကျင်းပသော သမဂ္ဂဝတ္ထဒါယီအသင်းကြီး စာအောင်ဆုနှင်းသဘင်နှင့် သီလရှင်ဝတ်ရုံလွှာပိတ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သီလရှင်အပါး (၁၀၀၀)အား ကြက်သွန်(နီ)အိတ်များလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စာအောင်သီလရှင်များအား ဆုလက်မှတ်များနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင် (၂၀) ပါးအား ဝတ်စုံများဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၅.၉.၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်ဆွေဆွေတင့် ၊ အတွင်းရေးမှူး ဒေါ်ရီရီတင်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရှိ အမှတ် (၁၃/၁၇) အခြေခံမူလတန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအတွက် ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ အစရှိသည့် စာရေးကိရိယာများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုမှာ ၆၀၁,၃၀၀/- ကျပ်ဖြစ်ပါသည်။