သတင်း

အသိပညာပေးသင်တန်း တက်ရောက်ခြင်း

အသိပညာပေးသင်တန်း တက်ရောက်ခြင်း

(၁၁.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော Gender, CEDAW, NSPAW, UNSCR-1325 အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

Zoom Meeting တက်ရောက်ခြင်း

Zoom Meeting တက်ရောက်ခြင်း

(၇.၈.၂၀၂၃)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)(ဗဟို)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အစည်းအဝေးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။

MWCDF အသင်း၏ (၁၀)ပြည့်နှစ် နှစ်ပတ်လည်အစည်းအဝေး

MWCDF အသင်း၏ (၁၀)ပြည့်နှစ် နှစ်ပတ်လည်အစည်းအဝေး

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို (၇.၈.၂၀၂၃)ရက်နေ့၊ နေ့လည်(၁၁:၃၀)အချိန်က နေပြည်တော်၊ Horizon Lake view Hotel, သရဖီခန်းမ၌ ကျင်းပပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါက်တာဝေဝေသာက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်က အသင်း၏ (၁၀)နှစ်တာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျဉ်းချုပ်တင်ပြပါသည်။ ယင်းနောက် ဘဏ္ဍာရေးမှူး ဒေါက်တာမွန်မွန်ထက်က အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာအား ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် တိုင်းဒေသကြီး/ပြည်နယ်

MWCDF အသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား

MWCDF အသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို (၇.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က နေပြည်တော်၊ Horizon Lake View Hotel, သရဖီခန်းမ၌ ကျင်းပပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ – မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင် နာယကများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် အသင်းဝင်များ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ

သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၅.၈.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များ စုပေါင်း၍ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်ရှိ သုဝဏ္ဏဘူမိ ခေမာရာမသီလရှင်စာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ်ပြီး ဝတ္ထုငွေ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း တက်ရောက်ခြင်း

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း တက်ရောက်ခြင်း

(၃.၈.၂၀၂၃ မှ ၄.၈.၂၀၂၃)နေ့အထိ နေပြည်တော်တိုင်း MWCDF အသင်းမှ အဖွဲ့ဝင်(၂)ဦးသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်သော “မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း” သို့ တက်ရောက်ခဲ့ပါသည်။