သတင်း

သုဇနကာရီ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သုဇနကာရီ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၇.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဇေယျာသီရိ မြို့နယ်၊ သုဇနကာရီ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းရှိ ကလေးများအတွက် အာဟာရနေ့လည်စာ၊ ညနေစာ ၊ မုန့်နှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၆.၇.၂၀၂၃)နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)(မူကြမ်း) ရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ CEC တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သီတာရုံသီလရှင်ပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သီတာရုံသီလရှင်ပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ စုပေါင်း၍ မကွေးမြို့၊ သီတာရုံ သီလရှင်ပညာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ သီလရှင်များ၊ ကျောင်းသား/သူများနှင့် တိုက်ပွဲရှောင်ကျောင်းသား/သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

(၂၀.၅.၂၀၂၃ မှ ၂၂.၇.၂၀၂၃)ရက်နေ့အထိ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် “အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော နေ့ကလေးထိန်းကျောင်းသို့ သွားရောက်၍ ကလေးများအား အာဟာရပဲနို့နှင့် ပဲကိတ်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မသန်စွမ်းသူတစ်ဦးအား လှူဒါန်းမှု

မသန်စွမ်းသူတစ်ဦးအား လှူဒါန်းမှု

(၂၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အပြောစွမ်းရည်မသန်စွမ်းသူ တစ်ဦး၏ နေအိမ်သို့ သွားရောက်၍ စားသောက်ကုန်နှင့်မုန့်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။