သတင်း

ကျောက်မော်ရပ် အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

ကျောက်မော်ရပ် အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ကျောက်မော်ရပ်, အ.မ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများနှင့် ဆရာ/မများအတွက် ကျောင်းသုံးစာရေးကိရိယာနှင့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား စည်းကမ်းရှိသော ပညာထူးချွန် ကျောင်းသား/သူများဖြစ်ရေး ဆွေးနွေးဟောပြောခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးခြင်း

တွေ့ဆုံဆွေးနွေးခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.ထ.က ဖိုလေးလုံး စက်ရေတွင်း ရေပြန်ထွက်ရှိရန် အတွက် မကွေးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

(၁၉.၇.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တိုင်းအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

(၁၈.၇.၂၀၂၃)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းနှင့် အိမ်တွင်းမှုကျောင်းမှ ဆရာမများပူးပေါင်း၍ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၌ အမျိုးသမီးစက်ချုပ်သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းများအတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ရွာရှိ အေးငြိမ်းချမ်းသာပရဟိတ လူမှုကူညီရေးအသင်းနှင့်အတူ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သော “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။