သတင်း

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

(၁၅.၈.၂၀၂၃ မှ ၁၇.၈.၂၀၂၃)ရက်နေ့အထိ မွန်ပြည်နယ် MWCDF အသင်း အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (Social Cohesion) ဆင့်ပွားသင်တန်း” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

(၁၉.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် မာရဝိဇယဘုရားကြီးသို့ ဘုရားဖူးလာရောက်ကြသူများအား သောက်ရေသန့်ဘူးများဖြင့် ဒါနပြု လှူဒါန်းခဲ့ကြပါသည်။

နေပြည်တော်တိုင်း MWCDF အသင်းမှ ဝါဆိုသင်္ကန်းကပ်လှူခြင်း

နေပြည်တော်တိုင်း MWCDF အသင်းမှ ဝါဆိုသင်္ကန်းကပ်လှူခြင်း

(၁၉.၈.၂၀၂၃)ရက်နေ့၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ဗောဓိကုန်းကျောင်းတိုက်၌ နေပြည်တော်တိုင်း MWCDF အသင်းမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၈.၈.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် ဒုဥက္ကဌတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အာဟာရဌာန)နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် “တန်ဖိုးသင့်အာဟာရပြည့် အစားအစာ ချက်ပြုတ်သရုပ်ပြပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

MMCWA အသင်းမှ ကျင်းပသော အခမ်းအနား တက်ရောက်ခြင်း

MMCWA အသင်းမှ ကျင်းပသော အခမ်းအနား တက်ရောက်ခြင်း

(၁၈.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA) မှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

သုံးမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့ခြင်း

သုံးမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့ခြင်း

(၁၆.၈.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံတွင်လာရောက်၍ (၃)မွှာပူး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးများအား ထောက်ပံ့ငွေနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။