သတင်း

ဆုချီးမြှင့်ခြင်းအခမ်းအနား

ဆုချီးမြှင့်ခြင်းအခမ်းအနား

၂၀.၉.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည် နှင့် အလုပ်အမှုဆောင် ၆ ဦးသည် ပဲခူးမြို့၊ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သော မသန်စွမ်းကလေးငယ်များ အားကစားပြိုင်ပွဲသို့ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး ကလေးငယ်များအား အာဟာရဒါနအနေဖြင့် ကြက်ဆီထမင်း၊ မုန့်နှင့် အချိုရည်များ ပေးအပ်လှူဒါန်းခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား ငွေ ၁၀၀၀၀၀ိ/-ကျပ် ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၀.၉.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့် နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပန်းဆက်ရပ်ကွက်၊ လူငယ်ပြုစုရေးစခန်းရှိ ကလေးများအား နံနက်စာ နို့ဆန်ပြုတ် အာဟာရတိုက်ကျွေးခဲ့ပြီး ကလေးများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ သွားတိုက်ဆေးဗူးများ၊ အဝတ်လျှော်ဆပ်ပြာမှုန့်များလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၆၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၉.၉.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၂ ဦးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)တို့က အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် ပူးပေါင်းဖွင့်လှစ်သော အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အခြေခံဂဟေဆက်သင်တန်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မြတ်မြတ်မိုးသည် ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံးတွင်ကျင်းပသော ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် နှင့် အသင်းဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ အ.ထ.က (ဆီဆိုင်)မှ တတိယတန်းကျောင်းသား/သူ ၈၀ ဦးအား အသင်း၏ ဗလာစာအုပ်နှင့် စာရေးကိရိယာများထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆီဆိုင်မြို့နယ်၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းအား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပေးပို့ထားသော ကလေးကစားစရာပစ္စည်းစုံဗူးများအား သွားရောက်လှူဒါန်းကာ အာဟာရအကြောင်း ကလေးများအားရှင်းပြခြင်း၊ ကစားစရာအရုပ်များမဲဖောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၈.၉.၂၀၂၅ ရက်နေ့ နံနက် ၁၁၃၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဒုဥက္ကဌ ဒေါ်သူဇာဝေ၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်နီလာအေး၊ ဗဟိုအလုပ် အမှုဆောင်များနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး(နေပြည်တော်) ယာယီဆေးရုံသို့သွားရောက်၍ မွေးနေ့အလှူရှင်  ဦးမြတ်မင်းနှင့် ဒေါ်သဲဖြူဇင်(အသင်းအလုပ်အမှုဆောင်) မိသားစုက လှူဒါန်းသော  လူနာများ၊ လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများ စုစုပေါင်း ၉၂ ဦးအတွက်  နေ့လည်စာ ကြက်သားဟင်း၊ ချဉ်ရည်ဟင်း၊ ထမင်းတို့အား အာဟာရဒါနကျွေးမွေး လှူဒါန်းခဲ့ကြပါသည်။