(၄၄)ကြိမ်မြောက် CEC Meeting
(၂၈.၃.၂၀၂၂)နေ့၊ နေပြည်တော်၊ MWCDF (ရုံးချုပ်)တွင် အသင်း၏(၄၄)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၈.၃.၂၀၂၂)နေ့၊ နေပြည်တော်၊ MWCDF (ရုံးချုပ်)တွင် အသင်း၏(၄၄)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ဝတ္ထုငွေ၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။
(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။
(၂၄.၃.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး(၁/၂၀၂၂)” သို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
(၁၆.၃.၂၀၂၂)နေ့၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ မင်္ဂလာအခမ်းအနားတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆွမ်းဆန်စိမ်းအလှူတော် ဝတ္ထုငွေလောင်းလှူကုသိုလ်ပြုခဲ့ ကြပါသည်။
(၉.၃.၂၀၂၂)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော “၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား” သို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။