သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဌတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်)တို့က ပူးပေါင်းကျင်းပသော AML/CFT ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် (၈)ဦး သည် အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)သို့ ချိုင်းထောက် (၂)ချောင်းထောက်(Crutches) (၁၀)စုံ၊ တောင်ဝှေး (Paterica te ndryshme) (၁၀)စုံ ကာလတန်ဖိုး (၉၀၇,၀၀၀)ကျပ်နှင့် အောင်ပန်းဟိုတယ် မြေငလျင်ပြိုကျမှုတွင် နောက်ဆုံးကယ်တင်နိုင်သော ကလေးငယ်အား ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ် စုစုပေါင်း လှူဒါန်းငွေ (၁,၀၅၇,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၇.၈.၂၀၂၅) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် (၈)ဦးသည် တောင်ကြီးမြို့၊ စိတ္တသုခပရဟိတကျောင်းသို့ ဆန် (၃)အိတ်၊ ကာလတန်ဖိုး (၃၃၀,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၇.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအ သင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂)ဦးသည် တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၎င်းတို့၏ရုံးတွင်ကျင်းပပြုလုပ်သော တနင်္သာရီတိုင်း ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ  နေရပ်စွန့်ခွါကျောင်းသား/သူများအတွက် ကျောင်းစိမ်းလုံချည်၊ ထီး၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို ကျောင်းအုပ်ကြီးကိုယ်စား ဆရာ/ဆရာမ (၃)ဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.မ.က (၃)ချင်းရွာကျောင်းရှိ ဆရာ/ဆရာမများအတွက် ကျောင်းစိမ်းလုံချည်များ၊ ဆန် (၃)ပြည်ဝင်အိတ်များ၊ မြေပဲဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကျောင်းသား/သူ (၂၀၄)ဦးအတွက် ဗလာစာအုပ်၊ စာရေးကိရိယာများ၊ ဘီစကစ်မုန့်အိတ်ကြီးများ၊ KG ကျောင်းသား/သူ (၄၂)ဦးအတွက် အရုပ်စုံ (၄၂) ရုပ်အား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များက တာဝန်ခံ ကျောင်းအုပ်ကြီး ဦးဇော်လင်းမိုးနှင့် ဆရာ/ဆရာမ