သတင်း

အလှူငွေပေးအပ်လှူဒါန်းခြင်း

အလှူငွေပေးအပ်လှူဒါန်းခြင်း

၂၇.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးတိုင်း ဂီတအစည်းအရုံး ဆိုင်ဘုတ်တင်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပါဝင်ကူညီဆောင်ရွက်ခြင်း

ပါဝင်ကူညီဆောင်ရွက်ခြင်း

၂၆.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အသင်းဝင်များသည် Junction City တွင် ပြုလုပ်သော မိုးရာသီစျေးပွဲတော် MSME ထုတ်ကုန်များရောင်းချရာသို့သွားရောက်ပြီး အသင်းအမှုဆောင်များနှင့် အသင်းဝင်များ၏ ထုတ်ကုန်ရောင်းချနေမှုအား ပါဝင်အားဖြည့်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၂)ဦးသည် ၂၅.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့မှ စီးပွါးရေးပညာရှင် ဒေါက်တာအောင်ပွားက တနင်္သာရီတိုင်း တိုင်းရင်းသားလုပ်ငန်းရှင်များအား ဟောပြော‌ပေးသည့်သင်တန်းသို့ တက်ရောက့်ခဲပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ပြီး စုပေါင်း၍ အလှူငွေ (၁၄) သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။

အစည်းအဝေးပွဲတက်ရောက်ခြင်း

အစည်းအဝေးပွဲတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် ၂၄.၇.၂၀၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ကျင်းပပြုလုပ်သော နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၂.၇.၂၀၂၅)ရက်နေ့ မကွေးတိုင်း ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သော မကွေးတက္ကသိုလ် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ပါမောက္ခချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်ပေါင်း (၂)ဦး တက်ရောက်ခဲ့ပါသည်။